တစ်ခါတစ်ခါမှာ ကျွန်တော်တို့ဟာ အကြောင်းကြောင်းကြောင့် ဆက်မသုံးချင်တော့တဲ့
ပရိုဂရမ်တွေ .. ဒါမှမဟုတ်ရင်လည်း ကိုယ်လိုချင်တဲ့ ဆော့ဝဲတစ်ခုနဲ့အတူ ကပ်ပါလာတဲ့
ပရိုဂရမ်တွေကို Uninstall လုပ်ချင်တဲ့အခါ အခက်အခဲကြုံရတတ်တာမျိုးတွေ ရှိပါတယ်
တစ်ချို့ပရိုဂရမ်တွေဆိုရင် Uninstall သာလုပ်ပြီးသွားတယ် .. သူနဲ့ဆိုင်တဲ့ Sub folder တွေ
Registry Data က ကျန်နေခဲ့တုန်းပါပဲ ..
အဲ .. တစ်ချို့ဆော့ဝဲတွေကျတော့ Windows အနေနဲ့တောင် Uninstall လုပ်မပေးနိုင်တာမျိုးတွေ
ရှိနေတတ်ပြန်ပါတယ် ..
အဲဒီအခါမျိုးမှာ Uninstaller ဆော့ဝဲတစ်မျိုးမျိုးကိုသုံးပြီး အဲဒီပြဿနာကို ဖြေရှင်းကြရပါတယ်
ခက်တာက Uninstaller ဆော့ဝဲတစ်ချို့အတွက် Uninstall လုပ်ပေးဖို့ ခက်ခဲတဲ့ ပရိုဂရမ်
တစ်ချို့လည်း ရှိနေပြန်ပါသေးတယ် ..
အဲဒါမျိုးကြုံလာပြီဆိုရင် တခြား Uninstaller ဆော့ဝဲတွေကို ပြောင်းလဲသုံးကြည့်ရပါတယ်
ပရိုဂရမ်နဲ့ Uninstaller နဲ့ ကိုက်ညီသွားတဲ့အခါမှာ အဆင်ပြေသွားလေ့ရှိပါတယ် ..
အခုသူငယ်ချင်းတို့ကို မျှဝေပေးမှာကတော့ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိအသုံးပြုနေပြီး
ပရိုဂရမ် တော်တော်များများကို ( တစ်ကယ်တော့ အားလုံးကိုပါ ) Uninstall လုပ်ပေးမယ့်အပြင်
အဲဒီပရိုဂရမ်နဲပသက်ဆိုင်တဲ့ Sub Folder တွေ Registry Key တွေကိုပါ လုံးဝ ရှင်းလင်းပေးမယ့်
ဆော့ဝဲလေးပါ ..
နောက်ပြီး Install လုပ်စရာလည်းမလိုတဲ့ Portable ဆော့ဝဲလေးဖြစ်တဲ့အတွက်
Uninstall လုပ်မရအောင် လှည့်စားနိုင်တဲ့ ပရိုဂရမ်တွေကိုတောင် Uninstall လုပ်နိုင်ပါတယ်
လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ
ဒေါင်းပြီးလို အသုံးပြုတော့မယ်ဆိုရင်တော့ အထဲမှာပါတဲ့ Application ဖိုင်လေးကို Desktop ပေါ်
ဆွဲတင်ပြီး Run လိုက်ရုံပါပဲ .. အဲဒီအခါ အောက်ကပုံအတိုင်းတက်လာပါမယ် ..
အဲဒီထဲက ကိုယ် Uninstall လုပ်ချင်တဲ့ ပရိုဂရမ်ကို ကလစ်ပေးပြီး Uninstall ကိုနှိပ်ပေးလိုက်ရုံပါပဲ
Uninstall လုပ်ပြီးတဲ့အခါမှာ အောက်ကပုံအတိုင်း ထပ်ပွင့်လာပါမယ် ...
အဲဒါက Uninstall လုပ်လိုက်တဲ့ ပရိုဂရမ်နဲ့ သက်ဆိုင်တဲ့ ဖိုင်မှန်သမျှကို ရှာဖွေရှင်းလင်းမယ့်
အဆင့်အတွက် ဖြစ်ပါတယ် .. အောက်နားက Powerful Scan ကို နှိပ်ပေးလိုက်တာနဲ့
သက်ဆိုင်ရာ ဖိုင်တွေကိုရှာပါလိမ့်မယ် ..
တွေတဲ့အခါ သူတွေ့တော့ဖိုင်တွေကို ပြလာပါလိမ့်မယ် .. ကိုယ်က အားလုံးကို ကလစ်ပေးပြီး
Delete လုပ်ပေးလိုက်ရုံပါပဲ ...
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

No comments:
Post a Comment